ခွင့်လွှတ်ခြင်း

ခွင့်လွှတ်ခြင်း
-----------------
ငါမှန်ပြီး မင်းမှား

မင်းမတရားလို့
မင့်အပြစ်ကို ငါ့နှလုံးသားမှာစိမ်
အမုန်းတရားကို 
ငါ့နှလုံးသားမှာ ပျိုးထောင်နေမဲ့အစား...
သမုတိနယ်မှာ ကိလေသာနဲ့ နေသမျှ
အမှန် အမှားဆိုတာ
သတ်မှတ်ချက်ပါပဲ...
မင့်အမှားကို 
ငါ့အမုန်းများနဲ့ တုံ့ပြန်နေမဲ့အစား
မင့်ကို လူသားတဦးလိုမြင်ကာ
ကျန်းမာ ချမ်းသာဖို့ စိတ်ထားလိုက်ပါတယ်...
မင့်ရဲ့ မမျှတမှုတွေအတွက် 
သနားစရာ မလိမ္မာတဲ့ သတ္တ၀ါတဦး
ကိလေသာထူပြောလို့
ကိလေသာတွေရဲ့ အပြစ်ကို 
မကြောက်တတ်သူတဦးအနေနဲ့ သနားပြီး
ဂရုဏာထားလိုက်ပါတယ်...
သတ္တ၀ါမှန်သမျှ 
ကိုယ်ပြုသမျှ ကိုယ့်ကံပဲ သဘောထား...
သတ္တ၀ါမှန်သမျှ 
ငါ့အပေါ်မှားရင်
သနားမေတ္တာနဲ့ ခွင့်လွှတ်နိုင်တဲ့
စိတ်ထားမြတ်တဲ့သူ ဖြစ်ရပါလို၏
ဆုတောင်းလိုက်ပါတယ်...
မင်းဟာ 
ငါ့ပါရမီ ကူညီဖြည့်သူလို့ သတ်မှတ်လိုက်ပါတယ်...
သတ္တ၀ါမှန်သမျှ ချမ်းသာကြပါစေ...

Comments

Popular posts from this blog

ငရဲပန်း ရွှေပန်းထင်

ခဏိက သမာဓိ