ငရဲပန်း ရွှေပန်းထင်
ငရဲပန်း ရွှေပန်းထင် ----------------------- ဒီနေရာလေးမှာ မေးစရာရှိပါတယ်။ ဒီဘုံ(၃၁) ဘုံမှာ ငရဲဘုံဆိုတာ အင်မတန်မကောင်းတဲ့ ဘုံဖြစ်ပါတယ်။ ပြိတ္တာ၊ အသူရကာ် တိရစ္ဆာန်ဆိုတဲ့ ဘုံတွေဟာလည်း မကောင်းကြပါဘူး။ ဒါ့ကြောင့် ဒီမကောင်းတဲ့ ဘုံဘ၀မျိုးတွေကို တပ်မက်သာယာတဲ့ တဏှာ ဖြစ်နိုင်ပါ့မလားလို့ မေးစရာ ရှိပါတယ်။ အဖြေကတော့ လွယ်ပါတယ်။ ငရဲကို ငရဲမှန်းသိပြီး မကောင်းဘူးလို့ ထင်တဲ့ လူအဖို့မှာ ငရဲကို မတပ်မက် နိုင်တာ မှန်ပါတယ်။ ငရဲမှန်းမသိတဲ့ လူကတော့ ကောင်တယ်ထင်ပြီး အဲဒဒါကို လိုချင်တပ်မက်ပါတယ်။ အဲဒါဟာ အများကြားဖူးနေတဲ့ မိတ္တ၀ိန္ဒက အကြောင်းအရာနှင့် ထောက်ဆကြည့်ရင် ထင်ရှားနေပါတယ်။ မိတ္တ၀ိန္ဒက ဆိုတဲ့သူဟာ သူ့အမေစကားကို နားမထောင်ဘဲ အမေကို ပြောဆို ပြစ်မှားပြီးတော့ အိမ်ကထွက်သွားပြီး ရောက်တတ်ရာရာကို လျှောက်သွားနေတယ်။ ယခုကာလ လေလွင့်နေတဲ့ အိမ်ပြေးသူငယ်တွေလို နေမှာပေါ့။ အဲဒီလိုရောက်တတ်ရာရာကို သွားနေရင်း သင်္ဘောဆိပ်ရောက်တော့ ပင်လယ်ကူး သင်္ဘောနဲ့ လိုက်သွားတယ်။ ပင်လယ်ထဲမှာ သင်္ဘောလိုရာမသွာဘဲ ဒုက္ခရောက်နေတော့ သူယုတ်မာပါလာလို့ ဒုက္ခရောက်ရတယ်လို့ ယူဆပြီး ကံဆိုးမဲချကြတယ်။ အဲဒီအခါ မိတ္တ၀ိန္ဒက ကိုကံဆိုးမဲက ကျတာနဲ့ သူ့ကို ၀ါးစီးဖောင်ကလေးနဲ့ ပင်လယ်ထဲ ...